|
နှလုံးသားဘုရားတည်
နိုင်ရေးအတွက် ပွားများကြပါစို့. |
|
ဘုရားဂုဏ်တော် ဉာဏ်ဖြင့် ဖော်၍
ပုံတော်အတွင်း ဂုဏ်တော်သွင်းကာ
စိတ်ဝယ်ထုံထား နှလုံးသား ဘုရား
တည်(တယ်)ပါ၏။
စာသိ ကျင့်သိ ထုံးထွင်းသိဟု
အသိ (၃)ပါး တရား၏ဂုဏ်
စိတ်ဝယ်ထုံထား နှလုံးသားတရား
တည် (တယ်)ပါ၏။
သုံးပါးမြတ်စွာ ရတနာကို
ကောင်းစွာကြည့်ရှု့ကိုယ်စားပြုသည့် သံဃာ၏ဂုဏ်
စိတ်ဝယ်ထုံထား နှလုံးသား စွမ်းအား
တည်(တယ်)ပါ၏။
|
|
|
ဗြဟ္မစိုရ်တရား(၄)ပါး
ကို နှလုံးသွင်းပွားများကြပါစို့. |
|
တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က
ပြိုင်တတ်တယ်။ ပြိုင်မယ့်အစား မေတ္တာပွား၊
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
ကိုယ့်အောက်နိမ့်လျှင် ကရုဏာဝင်၊
မ၀င်နိုင်ကနိုင်တတ် တယ်။ နိုင်မယ့်အစား ကရုဏာထား၊
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
ကိုယ်ထက်သာလျှင် မုဒိတာဝင်၊
မ၀င်နိုင်ကယိုင်တတ် တယ်။ ယိုင်မယ့်အစား မုဒိတာ
ပွား၊ စိတ်ထားပြုပြင်ပြောင်း ပါ့မယ်။
သဗ္ဗေသတ္တာသတ္တ၀ါ ကံသာမူလပိုင်ကြတယ်။
(ဥပေက္ခာ)ရုပ်ကိုလည်းပြင် စိတ်လည်းပြင်၊
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
ဗြဟ္မစိုရ်လေးဆူ တရားဟူသည် နတ်၊ လူ
ချစ်ဆေး ရှု့တိုင်းမွှေးကို မြတ်လေးဆောင်နွယ်
ကင်းမဖယ်နဲ့၊ တင့်တယ်ဆက်တိုင်း ကြိုင်လိမ့်မယ်။
|
|
|
|
ဝိပဿနာ ဘာဝနာ. |
|
အားထုတ်ပြီး
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မျက်မှောက်ပြု
(သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်) (သို့)
အရိယာပုဂ္ဂိုလ် ဖြစ်နိုင်မှသာလျှင်
လူဖြစ်ရကျိုးနပ်ပြီး သာသနာနဲ့မီရကျိုးနပ်မယ်။
သီလ-သမာဓိ-ပညာ
သိက္ခာ (၃)ပါးနဲ့
ပြည့်စုံမယ်။
|
|
|
ဗုဒ္ဓသာသနာဝင်.. |
|
သစ္စာလေးပါး ဓမ္မကို ခန္ဓာကိုယ်တွေ့
သိမြင်တော်မူပြီး၊ တစ်ပါးသူအား ပြန်လည်ဟောကြား
ပြသပေးသော မြတ်စွာဘုရား၏
အဆုံးအမကို လိုက်နာကျင့်သုံးနေသူ
အကြောင်း ကင်းသည့် အကျိုး ဟူ၍ မရှိ
ပူဇော်၍ ဆုတောင်းနေရုံဖြင့် အနှစ်သာရ မရ။
ကျင့်ကြံအားထုတ်မှသာ အနှစ်သာရ ရရှိနိုင်မည်။ |
|
|
|
ဗုဒ္ဓသာသနာအနှစ်ချုပ် (မဂ္ဂင်ရှစ်ပါး). |
|
ပရိယတ္တိ (စာသင်)
ပဋိပတ္တိ (ကျင့်သုံး)
|
(A) ၀ိနည်း |
= စည်းကမ်း
ကိုယ်/နှုတ်ထိန်း |
= (A) သီလ
(Morality) |
( )
မှန်စွာပြော
(ပြော) Right
Speech |
|
( )
မှန်စွာပြုလုပ်
(ပြု)
Right Action |
|
( )
မှန်စွာအသက်မွေး
(မွေး)့ Right
Live LaHood |
|
(B) သုတ္တန် |
= နည်းလမ်း
စိတ် ထိန်း |
=(B) သမာဓိ
(Concentration) |
( )
မှန်သောဝီရိယ
(၀ီ)
Right Effort |
|
(၂)မှန်သောသတိ
(တိ) Right
Mindfulness |
|
( )
မှန်သောသမာဓိ
(ဓိ)
Right Concentration
(တစ်ခုတည်းအပေါ်အာရုံကို
စူးစိုက်စုစည်းလို့တည်ငြိမ်၍
ကြည်လင်လာခြင်း) |
|
(c) အဘိဓမ္မာ |
= သဘောတရား |
= (C) ပညာ
(Wisdom) |
( )
မှန်စွာနားလည်
(နား) Right
understanding |
| |
|
|
( )
မှန်စွာတွေးခေါ်
(တွေး) Right Thinking |
|
|
|
|
သြ၀ါဒပါတိမောက်ဓမ္မစေတီကျောက်စာတော်. |
|
(၁) လွန်စွာချုပ်တည်းခြင်းဟူသော သည်းခံခြင်းသည်
အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရှာ၏။
(ရွှေတိဂုံစေတီတော်တောင်ဘက်မုခ် ရင်ပြင်တော်ပေါ်ရှိ
ကျောက်စာတိုင်)
|
|
|
သာသနာပြုသူ. |
|
မာန်ကိုလျှော့ - သည်းခံခြင်း
နှင့်
ရယူခြင်းမဟုတ် ပေးဆပ်ခြင်း တည်း
|
|
|
|
သာသနာ့အကျိုး. |
|
သာသနာ့အကျိုးရွက်သည်ပိုးက -
ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို -
စိတ်ကောင်းနဲ့ယှဉ် ရှေ့ရှုနှင့်လော
ဘုရားဘဏ္ဍာ ငွေဥစ္စာကို - ပမာအဆိပ်မှတ်ယူစိမ့်၏
သင့်ရာမသိ စားသုံးမိက - ရဲသည့်သံပူ
ဝါးမြိုဟူ၏
အဆိပ်သံပူ စွဲမှတ်ယူ၍ -
ကြည်ဖြူသဒ္ဓါစေတနာနဲ့
သာသနာ့အကျိုး ဆထက်တိုးအောင်
-သယ်ပိုးဆောင်ရွက်ကြပါစို့။
|
|
|
အဓိဋ္ဌာန်. |
|
မြတ်ဗုဒ္ဓ၏ အဆုံးအမ တော်တို့သည်
၁။ အနန္တစင်္ကြာဝဠာ အထွန်းလင်းဆုံးဖြစ်သော နေမင်းမကထွန်းလင်း
တောက်ပနိုင်ရန် လည်းကောင်း
၂။ ယောဂီတစ်ဦးချင်းစီ၏ ခန္ဓာတွင်းမှာတရားတွေ့နိုင်ရေး၊
ကိုယ်စီ ကျင့်ကြံရန်
လည်းကောင်း။
၃။ မိမိခန္ဓာမှာ တရားတွေ့ပြီးနောက် သတ္တ၀ါအားလုံးတို့၏
ခန္ဓာတိုင်းမှာ
တရားတွေ့နိုင်ရေး ကူညီပံ့ပိုး
စောင့်ရှာက်
သာသနာပြု နိုင်ရန်လည်းကောင်း။
ကိုယ်စီ အဓိဌာန် ပြုကြပြီးလျှင်
စုပေါင်းအဓိဌာန်ပြုကြပါစို့။
|
|
|
|
ပညတ် ၊
ပရမတ်(ပရမတ္ထ).. |
|
|
ပညတ်
ခေါ်ဝေါ်/သတ်မှတ်
မရှိ/မမှန်
၁။ ကိုင်တွယ်နိုင်
၂။ ပုံသဏ္ဍာန် (ရှိ)
အရောင်အဆင်း (ရှိ)
ဇီဝသတ္တ၀ါ (ရှိ)
၃။ နေရာညွှန်ပြနိုင်
သမုဒယ / ဒုက္ခ
၁။ သာမန်သိ
၂။ ပုံ
၃။ သဏ္ဍာန်
၎။ အကာ
၅။ အတု
၆။ ပူ |
ပရမတ် (ပရမတ္ထ)
သဘောတရား
အရှိ/အမှန်
၁။ ကိုင်တွယ်၍မရ
၂။ ပုံသဏ္ဍာန် (မရှိ)
အရောင်အဆင်း (မရှိ)
ဇီဝသတ္တ၀ါ (မရှိ)
၃။ နေရာညွှန်ပြ၍မရ
မဂ္ဂ / နိရောဓ
၁။ ဉာဏ်သိ
၂။ ဂုဏ်
၃။ အမှန်
၎။ အနှစ်
၅။ အစစ်
၆။ ငြိမ်း
|
|
ပညတ်နယ်ပယ်ခင်မင်တွယ်
အကန်းမျက်စိလည်
ပညတ်ပရမတ်နှစ်ခုစပ် သိတတ်သူမှမြတ် |
|
ပညတ်
လောက (၃)ပါး
(သတ္တ သြကာသ
သင်္ခါရ)
နေ
|
ပရမတ်
|
(၁) စိတ် |
နာမ်
|
(၄) နိဗ္ဗာန် |
|
(၂) စေတသိက် |
|
|
(၃) ရုပ် |
|
|
ရှု |
ဆိုက် |
|
သတိပဋ္ဌာန်
(၄)ပါး |
|
|
| ၀ိပဿနာ = |
သတိပဠာန် (၄)ပါးဖြင့်
ရုပ်/နာမ်တို့ကို ဉာဏ်ဖြင့်
ရှုခြင်း |
= |
မဂ်/ဖိုလ်/နိဗ္ဗာန်
မျက်မှောက်ပြုခြင်း |
= |
အရှုခံမှန် + ရှုဉာဏ်မှန်+
သတိဗိုလ်+နှလုံးသွင်းမှန်
ပြည့်စုံဖို့ မိမိတာဝန်
ပါရမီပြည့်ပြီး သဘောဆိုက်တဲ့
အချိန်ရောက်မှ
မဂ်(ဆိုက်)ဖိုလ်(၀င်စား)နိဗ္ဗာန်(မျက်မှောက်ပြု) |
|
|
|