www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

Download Myanmar Font

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

အပါယ်ပိတ် တရား
 

ဓမ္မ ၏ ပင်ကိုယ်သတ္တိ

ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ -

(က) Person (ပုဂ္ဂိုလ်မရွေး)

လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။

(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။

(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။

သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို ကျင့်သုံးနိုင်ပါသည်။

ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။

သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊ တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊ တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင် အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။

 

အထူးသတိပြုရမည့်အချက်မှာ ရေ သည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊ ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင် အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွား ကာ အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွား သည်။  ထိုသို့ ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏ ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာ လှသည်။ ဓမ္မသည်လည်း ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့် မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့် ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော် တို့သည်လည်း မထင်ရှား၊ မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။

ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မ ကို မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ ၏ မြင့်မြတ်လှသော အကျင့်ြ့မတ်တရားများကို ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မ နှင့်ပတ်သက်ပြီး ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို သတိပြုစေချင်ပါသည်။အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-
(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့် အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။

(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။ မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။

(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A.  Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး သိမြင်နိုင်ပါသည်။ ယနေ့ခေတ် အတော်များများသော ပုဂ္ဂိုလ်များမှာ ဓမ္မကို ကျင့်သုံးသူ ရှားပါးလာသည်နှင့် အိပ်မည်၊ စားမည်၊ ကာမ မှီဝဲမည်ဆိုသည့် လူအတော်များများ ရှိပြီး၊ ထိုလူများမှာ တိရစ္ဆာန်များနှင့် နီးစပ်လာသည်ကို တွေ့ရှိရပြီး အကောင်းနှင့်အဆိုး ကို ခွဲခြားနိုင်သူ ရှားပါးလာသည်ကို တွေ့ရှိရပါသည်။

ထို အကောင်းတရား၊ အဆိုးတရား များကို ဓမ္မကျင့်သုံးသော ပုဂ္ဂိုလ်တိုင်း သေချာခွဲခြားပြီး သိမြင်ကြမှာ ဖြစ်သည်။
ဤနေရာမှာ အကောင်းသုံးမျိုးနှင့် အဆိုးသုံးမျိုးကို တင်ပြလိုပါသည်။
 

အကောင်းတရားသုံးမျိုးမှာ

(၁)  အများအကျိုးရှိ မိမိလည်းအကျိုးရှိ (အကောင်းဆုံး)

(၂)  အများအကျိုးရှိ မိမိဘာမှမဖြစ်

(၃)  အများဘာမှမဖြစ် မိမိအကျိုးရှိ


ထိုအကောင်းတရားသုံးမျိုးကို ဓမ္မ ကျင့်သုံးသူတိုင်း အမြဲတမ်းဆောင်ပြီး ကျင့်သုံးကြသည်။

အဆိုးတရားသုံးမျိုးမှာ

(၁) အများထိခိုက် မိမိမှာလည်းထိခိုက် (အဆိုးဆုံး)

(၂) အများထိခိုက် မိမိမှာဘာမှမဖြစ်

(၃) အများဘာမှမဖြစ် မိမိထိခိုက်


ဓမ္မ ကျင့်သုံးသူတိုင်း ထိုအဆိုးတရားသုံးမျိုးကို ရှောင်ကြဉ်နိုင်ကြမှာ ဖြစ်သည်။ အကောင်းအဆိုးကို တိကျသေချာစွာ ခွဲခြားသိမြင်လာနိုင်ရန် ဓမ္မ ကို ကျင့်ကြံအားထုတ်မှသာလျှင် သိမြင်နိုင်မည်။သို့သော် အကောင်းတကာ့ အကောင်းဆုံး၏ အထွဋ်အထိပ်အကောင်းဆုံးသည် မိမိလည်းအကျိုးရှိအများ လည်းအကျိုးရှိ လောကီသာမက လောကုတ္တရာ နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်သည်သာလျှင် မြင့်မြတ်ပုဂ္ဂိုလ် (Noble Person) အထွဋ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။

ဤအချက်များမှာ ဓမ္မ၏ပင်ကိုယ်သတ္တိ ရဲ့ အကျိုးပြုမှုကို တင်ပြခြင်းဖြစ်ပါသည်။
 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org 
Tel : 01 - 704 780, 727 223

   Contact Us 
လှည်းကူးမြို့နယ်၊ ငါးဆူတောင် ရပ်ကွက်၊
ငါးဆူတောင်ကျေးရွာ၊ မြင့်မြတ်အလင်း ရိပ်သာ။
 

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter