www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

 

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

ဆရာဦးမြင့်လွင်၏ ကိုယ်ရေးအကျဉ်း

ဆရာဦးမြင့်လွင်သည်သန့်တည်ပွားအဖွဲ.ကို (၂၀၀၁) ခုနှစ်မှစတင်တည်ထောင်ခဲ့သူဖြစ်ပြီး သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိုမူတည်၍ ဖွဲ.စည်းထားခြင်းဖြစ်ပါသည်။ ဆရာသည် အထက်မြန်မာပြည် အောက်မြန်မာပြည် နေရာဒေသများစွာတို့ကို (၁၅)နှစ်ခန့် ဓမ္မဒူတ ခရီးစဉ်ဖြင့် သာသနာပြု၍ တရားဓမ္မများကို လိုက်လံဟောကြားပြသခဲ့ပါသည်။ ကျောင်းများ ၊ ဓမ္မာရုံများ ၊ ရိပ်သာများ ၊ ဖိတ်ကြားခဲ့သောနေရာမှန်သမျှတို့တွင် လူမျိုးဘာသာ မရွေး ၊ နေရာဒေသမရွေး ၊ အချိန်မရွေးဘဲ လိုက်လံဟောကြားပေးခဲ့ပါသည် ။ ဗုဒ္ဓ၏တရားဓမ္မ များကို ဆရာကိုယ်တိုင် (၂၄)နှစ်လုံးလုံး ဆရာတော်ကြီးများထံတွင် အဆုံးအမခံယူ၍ လေ့လာ ဆည်းပူးသမျှ သိရှိသမျှအားလုံးကို အများသတ္တ၀ါတို့အား တစ်ခဏအတွင်းမှာ လွယ်ကူစွာ သိမြင်နိုင်အောင် ၊ ကျင့်ကြံနိုင်အောင် စာတွေ.သာမက ၀ိပဿနာ ဘာဝနာကို လက်တွေ. အားထုတ်နိုင်အောင် လုပ်ဆောင်ပေးခဲ့သည် ။

• ဆရာဦးမြင့်လွင်သည် အဘ ဦးဆာလင်၊ အမိ ဒေါ်ခင်နွဲ့တို့မှ ၁၉၅၉ ခုနှစ်တွင် မြိတ်မြို့ တပ်ပြင်ရပ် ၌ မွေးဖွားသန့်စင်ခဲ့ပါသည်။

• (၁၉၇၆) ခုနှစ်တွင် အခြေခံပညာအထက်တန်းကို အောင်မြင်ခဲ့ပြီး (၁၉၈၀) ခုနှစ်တွင် ဘူမိဗေဒ အဓိကဘာသာဖြင့် B.Sc. သိပ္ပံဘွဲ့ကိုရယူခဲ့ပါသည်။(၁၉၈၁) ခုနှစ်တွင် တက္ကသိုလ်၌ B.Sc (Hons.)ဘွဲ့ကို ရရှိပြီး M.Sc. [မဟာသိပ္ပံ (ကျမ်းပြု)] ကို ၄ နှစ်ကျမ်းပြုစုရင်းဖြင့် တက္ကသိုလ်၌ သရုပ်ပြဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

• (၁၉၈၅) ခုနှစ်တွင် စီးပွားရေးလောကသို့စတင်ဝင်ရောက်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကော့သောင်းမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၏ ဒု-ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း စသောလုပ်ငန်းများကိုပြုလုပ်ကာ မိမိ၏စီးပွားရေးလုပ်ငန်းများကို အောင်မြင်သည်အထိလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

• ဆရာဦးမြင့်လွင်သည် တစ်ဖက်မှစီပွားရေး၊ လူမှုရေးကိစ္စများကို ဆောင်ရွက်နေစဉ်အတွင်း တစ်ဖက်မှလည်း ဘာသာရေး၊ သာသနာရေးကိစ္စ များကို မိမိတတ်အားသမျှ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

• (၁၉၉၄) ခုနှစ်တွင် လက်ရှိပြုလုပ်နေသော စီးပွားရေးလုပ်ငန်းများကို မလုပ်တော့ဘဲ ဘာသာရေးလုပ်ငန်းများကိုသာ တစူးစိုက်စိုက်ပြုလုပ်လာကာ ပရိယတ္တိသာသနာအတွက် မိမိကိုယ်တိုင်စာပေကျမ်းဂန်များကို ဖတ်ရှုလေ့လာခြင်း၊ မိမိသိလိုသည်များကို ဆရာတော်များထံ သြ၀ါဒခံယူ၍လျှောက် ထားခြင်း၊ သင်ယူခြင်း၊ လေ့လာခြင်း၊ မိမိလေ့လာသိရှိထားသော တရားဓမ္မများကို (မှန်၊ တို၊ ရှင်း)နည်းလမ်းများဖြင့် ဗုဒ္ဓသာသနာဝင်များကို ဟောကြားဆွေးနွေးခြင်း၊ စာရေးသားခြင်း၊ ဖိတ်ကြားသော ရိပ်သာများ၊ ဓမ္မာရုံများ၊ကျောင်းများကို ပုဂ္ဂိုလ်စွဲ၊ ရိပ်သာစွဲ မထားဘဲ တရားဟောပြောဆွေး နွေးခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

• ပဋိပတ္တိသာသနာအတွက် မိမိကိုယ်တိုင် ၀ိပဿနာတရားများကို ပွားများအားထုတ်ခြင်း၊ ဆရာတော်ကြီးများထံ လေ့လာသင်ယူခြင်း၊ မြန်မာပြည် နေရာဒေသ အသီးသီးတွင် ရိပ်သာအစွဲမထားဘဲ ဓမ္မာရုံ၊ ရိပ်သာအသီးသီးတွင် တရားလိုက်လံပြသခြင်း၊ အဓိဋ္ဌာန်တရားပွဲများ ပြုလုပ်ခြင်းတို့ကို မြန်မာပြည်ဒေသအသီးသီတွင်ပရိယတ္တိ၊ ပဋိပတ္တိ သာသနာတော်အတွက် စွမ်းစွမ်းတမံလိုက်လံဆောင်ရွက်လျက်ရှိပါသည်။

 

သန့် - တည် - ပွား အဖွဲ့ပေါ်ပေါက်လာပုံနဲ့မူဝါဒများကိုရှင်းလင်းပြောကြားပေးမှာဖြစ်ပါတယ်။ဆရာဦးမြင့်လွင်ဟာဆိုရင် လွန်ခဲ့သော (၇)နှစ်ခန့်ကတည်းက ဓမ္မဒူတသာသနာပြုခရီးများလှည့်လည်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။မြို့ရွာကျေးလက်မကျန်ရောက်ရှိခဲ့ကြောင်း ၊ အဲဒီလိုလှည့်လည် သာသနာပြုရာမှာ မိမစရိတ်ဖြင့်သာသနာပြုတဲ့အကြောင်း၊ မည်သည့်နေရာတွင်မှ အလှူခံခြင်း မပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။အဲဒီအချိန်က ဆရာဟာ သာသနာပြုမည့် မြင်မြတ်သောပုဂ္ဂိုလ်များကိုလက်တန်းမွေးထုတ်ပေးခဲ့ပါတယ်။သာသနာပြုနေပေမယ့် စနစ်ကျသောအဖွဲ့အစည်း မရှိခဲ့ သေးပါ။ အဲဒီလိုသိရှိခဲ့ပြီး ဆရာဦးမြင့်လွင်ရဲ့ပထမအကြိမ်မြောက်သာသနာပြုမြင့်မြတ်ပုဂ္ဂိုလ် ရက်(၆၀) သင်တန်းကို (၁၉.၁၂.၂၀၀၅)နေ့မှာ စတင် ခဲ့ပါတယ်ဆရာရဲ့ရက်(၆၀)သင်တန်းနောက်မှာတော့ မိမိသိသလို တစ်ပါးသူများကိုလည်းသိစေလိုပြီး၊ သာသနာပြုလိုစိတ်များ တဖွားဖွားပေါ်ပေါက် လာခဲ့ပါတယ်။ဆရာက“ သာသနာကို မည်သူပြုပြု မှန်အောင်ပြု၊ မှန်-တို-ရှင်း-ပြု ” လို့ဆုံးမခဲ့ပါတယ်။ ဆရာရဲ့ပထမအကြိမ် သာသနာပြု မြင့်မြတ် ပုဂ္ဂိုလ်သင်တန်းကနေ တရားပြ၊ တရားဟောယောဂီများကိုမွေးထုတ် ပေးခဲ့ပါတယ်။ အဲဒီအထဲမှာမှ ၀ါသနာပါပြီး၊ အချိန်ပေးနိုင်တဲ့ယောဂီများဟာ ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့နောက်သင်တန်းတွေကိုလက်ခံခဲ့ ကြပါတယ်။

ဒီလိုနဲ့ ပထမအကြိမ်သင်တန်းဆင်း ယောဂီများက ဒုတိယအကြိမ်သင်တန်းသားများကို ပြန်လည်သာသနာပြု၊ဒုတိယအကြိမ်သင်တန်းဆင်းများက တတိယအကြိမ်သင်တန်းသားများကို ထပ်ဆင့်သာသနာပြု၊ ယခုနောက်ဆုံးတတိယအကြိမ်သင်တန်းသားများကစတုတ္ထအကြိမ် သင်တန်းများတွင် ပြန်လည် သာသနာပြုနေကြပါတယ်။သန့်-တည်-ပွား သင်တန်းဆင်းယောဂီများ များပြားလာတဲ့အခါစည်းစနစ်ကျနစွာ သာသနာပြုနိုင်ခဲ့ပါတယ်။


 “သန့်-တည်-ပွား” အမည်နဲ့အဓိပ္ပာယ် မှာ

ဗုဒ္ဓသာသနာ တော်သည် သန့်ရှင်းပါမှ တည်တံ့ပြီး၊ တည်တံ့ပြီးမှသာလျှင် ပြန့်ပွှားနိုင်မယ်ဆိုတဲ့အဓိပ္ပယ်ဖြစ်ပါတယ်။တစ်နည်းအားဖြင့်-
“သန့်”ဆိုသည်မှာ “သီလ”ဖြစ်ပြီး၊ “၀ိနည်း”ကို ဆိုလိုခြင်းဖြစ်ပါတယ်။
“တည်” ဆိုသည်မှာ “သမာဓိ” တည်ကြည်ခြင်းဖြစ်ပြီး၊ “သုတ္တန်” ကိုဆိုလိုခြင်းဖြစ်ပါတယ်။
“ပွား” ဆိုသည်မှာ “ပညာ” ပွားများခြင်းဖြစ်ပြီး၊ “အဘိဓမ္မာ” ကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ “သီလ၊ သမာဓိ၊ ပညာ” သိက္ခာသုံးပါးပြန့်ပွားနိုင်ရေးကိုဦးတည်ခြင်းဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ အသင်းဖွဲ့ရတဲ့ရည်ရွယ်ချက်(၃)ခု ကိုရှင်းပြပါမယ်။

(၁) ဗုဒ္ဓသာသနာဝင်တိုင်း ထေရ၀ါဒသာသနာတော်၏ “အခြေခံအနှစ်သာရ” များကိုမှန်ကန်စွာနားလည်သဘောပေါက်လာနိုင်ရေး။
(၂) ဗုဒ္ဓအဆုံးမပန်းတိုင်ဖြစ်သော မြတ်နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရေးအတွက် ဗုဒ္ဓသာသနာဝင်တိုင်း “၀ိပဿနာ ဘာဝနာ” ကျင့်ကြံအားထုတ်လာနိုင်ရေး။
(၃) ထေရ၀ါဒဗုဒ္ဓသာသနာတော် အစဉ်ထာဝရသန့်ရှင်း-တည်တံ့-ပြန့်ပွားရေးအတွက် “ဗုဒ္ဓသာသနာဝင်တိုင်းပူးပေါင်း” ပါဝင်နိုင်ရေးတို့အတွက် အထူးရည်ရွယ်ပါတယ်။

ဆက်လက်ပြီးတော့-အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုလုပ်ငန်းများကို တင်ပြပါမယ်။
သန့်-တည်-ပွား ထေရ၀ါဒဗုဒ္ဓသာသနာပြုအဖွဲ့အနေဖြင့်မြန်မာနိုင်ငံတစ်ဝှမ်းမြို့ရွာကျေးလက်မကျန် ထေရ၀ါရ ဗုဒ္ဓသာသနာတော်၏ အနှစ်သာရများကိုပြန့်ပွားနိုင်ရေးအတွက်
(၁) ရပ်ကွက်ဓမ္မာရုံများ၊ စာသင်ကျောင်းများတွင်တရားပွဲများကျင်းပပေးခြင်း၊
(၂) လစဉ် (၇) ရက်အဓိဋ္ဌာန်တရားစခန်းပွဲကျင်းပခြင်း။
(၃) အခါအားလျော်စွာ (၇) ရက် လူငယ်အဓိဋ္ဌာန်စခန်းပွဲများ ကျင်းပခြင်း။
(၄) တရားဟော/တရားပြဆရာများပေါ်ပေါက်လာရေး ရည်ရွယ်၍ ထေရ၀ါဒ ဗုဒ္ဓသာသနာ ပြုမြင့်မြတ်ပုဂ္ဂိုလ်သင်တန်းများဖွင့် လှစ်ခြင်း။
(၅) စနေ/တနင်္ဂနွေ (ထူးယောဂီ) အထူတရားထိန်းသင်တန်းဖွင့်လှစ်ခြင်း။
(၆) ဗုဒ္ဓစာကြည့်တိုက်များ၊ ဓမ္မဒါနအငှားဆိုင်များကူညီဖွင့်လှစ်ခြင်း။
(၇) ဗုဒ္ဓစာပေများကိုထပ်ဆင့်ရိုက်နှိပ်ဖြန့်ဝေပေးခြင်း။
(၈) ဗုဒ္ဓတရားတော်များကို VCD / DVD / MP3 တို့ဖြင့်ကူးယူဖြန့်ဝေပေးခြင်း။
(၉) ဗုဒ္ဓအလိုတော်ကျအသုဘရှုအခမ်းအနားကျင်းပပေးခြင်း
(၁၀) ဗုဒ္ဓအလိုတော်ကျ ရှင်ပြု မင်္ဂလာပွဲ ကျင်းပခြင်း
(၁၁) အခါအားလျော်စွာ ဓမ္မသာကစ္ဆာ ဆွေးနွေးပွဲများပြုလုပ်ခြင်း
အစရှိသည့် ထေရ၀ါဒဗုဒ္ဓသာသနာတော်ရဲ့ လိုအပ်ချက်အလုံးစုံတို့ကို သာသနာတော်ကြီး တိုးတက်စည်ပင်ပြန့်ပွားရေးအတွက် လိုအပ်သလို ဖြည့်  ဆည်းဆောင်ရွက်လုပ်ကိုင်ပေးရန် တို့ဖြစ်ပါသည်။

သန့် တည် ပွား အဇွဲ့တွငတစ်နှစ် ပြည့်လျှင်ဆု(၆)ဆုပေးမည့်စနစ် ထားရှိပါသည်။ ဆုတွေကတော့


(၁) ငြိမ်းချမ်းရေးဆု
(၂) စည်းရုံးရေးဆု
(၃) ကြည်ညိုဖွယ်ဆု
(၄) တရားဟောဆု
(၅) တရားပြဆု
(၆) အချိန်မှန်ဆု


သန့်-တည်-ပွား အဖွဲ.မှာသုံးလတစ်ကြိမ် ရွေးချယ်သောစနစ်ဖြင့် ယောဂီထုမှရွေးချယ်တင်မြှောက်သောအလှည့်ကျမူဝါဒစောင့်ရှောက်ရေးအဖွဲ.နဲ့ တစ်လတစ်ကြိမ်ယောဂီထုမှရွေးချယ် တင်မြှောက်သော အလှည့်ကျကိုယ်စားလှယ်အဖွဲ. ဆိုပြီး အဖွဲ.နှစ်ဖွဲ.ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ.မှာ အပတ်စဉ်တနင်္ဂနွေနေ့ နေ့လည် (၁)နာရီတိုင်းမှာယောဂီထုအစည်းအဝေးကျင်းပပါ တယ်။ အဖွဲ.အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းကိုလည်း ယောဂီထုအစည်းအဝေးကနေ ဆုံးဖြတ်ပေးပါတယ်။

လုပ်ငန်းဆိုင်ရာ ကဏ္ဍအလိုက် အဖွဲ့ (၅)  ဖွဲ့ ရှိပါတယ်။

(၁) တရားပြွဲဖစ်မြောက်ရေးအဖွဲ.
(၂) သတင်းပြန်ကြားရေး နှင့် မှတ်တမ်းတင်ရေးအဖွဲ.
(၃) ဘဏ္ဍာရေး နှင့် စီစစ်ရေးအဖွဲ.
(၄) စည်းရုံးရေး နှင့် ကြိုဆိုဧည့်ခံရေးအဖွဲ.
(၅) ရုံးအဖွဲ. တို့ဖြစ်ပါသည်။
တာဝန်ခွဲဝေပုံအကျဉ်းကတော့ -

(၁) မူဝါဒဆောင့်ရှောက်ရေးအဖွဲ.က- အဖွဲ.ရဲ့မူဝါဒ နှင့် စည်းလုံးညီညွတ်ရေးကိစ္စအ၀၀ကို ဦးဆောင်တာဝန်ယူရပါတယ်။

(၂) အလှည့်ကျကိုယ်စားလှယ်အဖွဲ.က- အဖွဲ.ရဲ. လှုပ်ရှားဆောင်ရွက်မှုကိစ္စ အ၀၀ကို အဖွဲ.ငယ်များ အားတာဝန်ခွဲဝေစီစဉ်ပေးခြင်း ၊ ဦးဆောင်ခြင်း ၊ ညှိနှိုင်းပေးခြင်း စတဲ့လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြပါတယ် ။
နိဂုံးချူပ်မှာ ပြောကြားလိုတာက ကျွန်တော်တို့သည် ကျင့်ဆဲ ပုဂ္ဂိုလ်များဖြစ်ပါတယ် ၊ မပြည့်စုံသေးပါ။ အားနည်းချက်များ လိုအပ်ချက်များ ရှိခဲ့မယ် ဆိုရင် မည်သည့်ပုဂ္ဂိုလ် မဆို မည်သည့်နေရာမဆို ကျွန်နော်တို့သည်ဝေဖန်ပြုပြင်ပေးနိုင်ပါတယ် ၊ ဆုံးမသွန်သင်နိုင်ပါတယ်။ သန့်-တည်-ပွား အဖွဲ.ကြီးသည် လိုအပ်ချက်အခြေအနေ တစ်ခုအရ ပေါ်ပေါက်လာပါတယ်။ အကျယ်ကိုလေ့လာနိုင်ကြောင်းဖိတ်ခေါ်အပ် ပါသည်။ ကျွန်တော်တို့ သန့်-တည်-ပွား ယောဂီများအားလုံး မိမိတို့ဆန္ဒအလျောက် မိမိတို့ အသိစိတ်ဖြင့်သာ သာသနာ့တာဝန်တွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ လာဘ၊ သက္ကာရ၊ သိလောကဆိုတဲ့ လာဘ်ရချင်တဲ့စိတ်၊ အပူဇော်ခံချင်တဲ့စိတ်၊ နာမည်ကြီးချင်တဲ့စိတ်၊ လုံးဝမရှိပါကြောင်းပြောကြားရင်း နိဂုံးချူပ်ပါတယ်ခင်ဗျား ။
 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org www.myanmarbuddhism.info www.myanmardhamma.net www.myanmarvipassanaonline.net www.themyanmarbuddhism.net
Tel : 01 - 704 780, 727 223

   Contact Us 
လှည်းကူးမြို့နယ်၊ ငါးဆူတောင် ရပ်ကွက်၊
ငါးဆူတောင်ကျေးရွာ၊ မြင့်မြတ်အလင်း ရိပ်သာ။
 

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter